မြောင်မြို့တွင် မုန်တိုင်းအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

မြောင် စက်တင်ဘာ ၁၄

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနတွင် မုန်တိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ အအသိပညာပေး ''Talk Show ဆွေးနွေးမှုကို ယနေ့နံနက် (၁၀း၀၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက (TalkShow)ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မီမီကျော်က မုန်တိုင်းအန္တရာယ်အကြောင်းသိကောင်းစရာများ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာရေးဆရာများနှင့် စာပေချစ်သူများတို့ဖြင့် ပူးပေါင်းကာ (Talk Show) ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကိုလည်းအစဉ်ဆက်မပြက် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်