ဒိုက်ဦး စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့်ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့အတွင်း လူသုံးကုန်ပစ္စည်းရောင်းချနေသောဆိုင်များတွင် ရောင်းချနေသောဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ ဆပ်ပြာမှုန့်နှင့် ဆပ်ပြာအမွှေးဆီများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)