ဒေးဒရဲ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဒေးဒရဲမြို့အတွင်း လူစည်ကားရာနေရာများတွင် Mask နှင့် Face Shield များအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်၍ ပဲ့တင်သံ ပရဟိတအသင်း (ဖျာပုံမြို့)က လာရောက်ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် Mask (၁)ဗူးလျှင် ၁၂၀၀ကျပ်၊ N-95 တစ်ခုလျှင် ၅၀၀ကျပ်၊ လူကြီး Face Shield (၃)ခုလျှင် ၁၀၀၀ကျပ်၊ ကလေး Face Shield (၁)ခုလျှင် ၅၀၀ကျပ်နှုန်းဖြင့် ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ကာကွယ်ရေးသုံး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာစွာဖြင့် မြို့တွင်းလူစည်ကားရာနေရာများတွင် လာရောက်ရောင်းချပေးခြင်းဖြစ်ကြောင်း ပဲ့တင်သံပရဟိတအသင်း (ဖျာပုံမြို့) တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)