အထက်မင်းလှ စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား စာသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်ဥစသည့် စားသောက်ကုန်များ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြာကြားခဲ့သည်။ ထို့နောက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မင်းလှမြို့နယ်ရုံးမှဝန်ထမ်း၃၀ဦး အား တစ်ဦးလျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ သား၊ ကြက်ဥ ၁၀ လုံးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်တို့က ဝန်ထမ်းများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ (ပြန်/ ဆက်)