သရက်မြို့၌ ကိုဗစ်-၁၉‌ရောဂါ အသိပညာပေးဟောပြောပွဲနှင့်  Mask  Campaign  လှုပ်ရှားမှု ဆောင်ရွက်

သရက် စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့၊ ပရဟိတအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး ဟောပြောခြင်းနှင့် အနောက်ဈေးတွင် Mask Campaign လှုပ်ရှားဆောင်ရွက်ခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောခြင်းနှင့် Mask Campaign ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြစေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးပိုစတာ ချိတ်ဆွဲခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သရက်မြို့ အနောက်ဈေးတွင် ဒေသခံပြည်သူများ၊ ဈေးရောင်း ဈေးဝယ်နှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန်၊ ထုတ်ပြန်ထားသော စည်းကမ်းချက်များကိုလိုက်နာကြရန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ Mask များ အခမဲ့ဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် ကိုဗစ်−၁၉ရောဂါ အသိပညာပေးပိုစတာချိတ်ဆွဲခြင်းများ ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ခရိုင်ပြန်/ဆက်