ဖြူးမြို့နယ်၊ ကျေးရွာအ​ခြခံပညာကျောင်းများရှိ  ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောပေးပြီး ကျန်းမာရေးဆိုင်ရာများ လက်‌တွေ့ဆောင်ရွက်ပေး

ဖြူး   စက်တင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျော်လှစုကျေးရွာအုပ်စု၊ ကျော်လှစုကျေးရွာနှင့် ကင်မွန်းခြုံကျေးရွာ  မူလတန်းလွန်ကျောင်းများတွင် ကျောင်းသား/ ကျောင်းသူ ကလေးသူငယ်အရွယ်မှစတင်ကာ အသိပညာဗဟုသုတရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့၊ နေ့လည်ပိုင်းက အသိပညာပေး ဟောပြောပေးပြီးနောက် ကျန်းမာရေးဆိုင်ရာများဆောင်ရွက်ပေးခြင်း၊ အသိပညာပေးနံရံကပ်ပြဘုတ်များပြသပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့မှ တာဝန်ခံများက သက်ဆိုင်ရာဌာနအလိုက် ခေါင်းစဉ်အသီးသီးဖြင့် အသိပညာပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများ လက်တွေ့ဆောင်ရွက်ပေးပြီး ကျန်းမာရေးစစ်ဆေးပေးကာ တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းများကို ဆောင်ရွက်  ပေးခဲ့ကြောင်း သိရ သည်။

နေမျိုးလွင်(ပြန်/ဆက်)