ရွှေတောင်မြိုနယ်တွင် အစားအသောက် ရောင်းချသည့်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေး

ရွှေတောင်  စက်တင်ဘာ  ၁၅

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွှေတောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရွှေတောင်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊  လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေးများ မဖြစ်ပေါ်စေရေး အတွက် အစားအသောက်ရောင်းချသည့် ဆိုင်များ အားလုံး ဆိုင်ထိုင်ရောင်းချခြင်းအား ယာယီ ပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ ထုတ်ပြန်ကြေညာချက်အား အစားအသောက်ရောင်းချသည့် ဆိုင်များသို့ ကြိုတင် အသိပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ကြေညာချက်အား လိုက်နာဆောင်ရွက်မှုရှိစေရေး အတွက် ရွှေတောင်မြို့နယ် ကိုဗ၀်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)