ဇီးကုန်း စက်တင်ဘာ ၁၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်၊ အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ် အ.မ.ကလွန် (ဘုရားလမ်း)ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစိုးကအဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစိုးလှိုင်(နည်းစနစ်မှူး)က လူငယ်နှင့်အားကစားဆိုင်ရာများ၊ အားကစားနည်းစနစ်အခြေခံများ၊ အားကစားပြုလုပ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများကို အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ ဒုတိယမြို့နယ်ပညာရေးမှူးဦးရဲထွဋ်ဦး၊ အ.မ.ကလွန် (ဘုရားလမ်း)ကျောင်း ဆရာမကြီးဒေါ်သီတာစိုးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)