သာယာဝတီမြို့နယ်၌ စိုက်ပျိုးရေးနည်းပညာပေးသင်တန်း ဖွင့်လှစ်

သာယာဝတီ      စက်တင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စပါးသီးနှံ၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားစေရန်အတွက် ဝန်ထမ်းများနှင့် တောင်သူလယ်သမားများအား နည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်း က အင်းရွာတောင်သူပညာပေး သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုး ဒေါ်မာမာအောင်တို့က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှုး ဦးသန်းထွန်းအောင် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး လယ်ယာကဏ္ဍ စီးပွားဖွံ့ဖြိုးတိုးတတ်ရေးအတွက် စိုက်ပျိုးသီးနှံများ ရည်မှန်းချက်အတိုင်း အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး အလေးထား ဆောင်ရွက်ရမည်ဖြစ်ရာ ရာသီအလိုက်၊ သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးရေးနည်းပညာဆိုင်ရာများကို ခရိုင်မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံပိုးမွှားရောဂါ တာဝန်ခံများမှလည်း ဝန်ထမ်းများနှင့် တောင်သူများကို သင်တန်းပို့ချပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)