မြို့သစ် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနိုင်လင်းလင်းမှ လူကုန်ကူးမှု၊ လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ကျောင်းသားကျောင်းသူများအနေဖြင့် လူကုန်ကူးမှုမခံရစေရေးအတွက် ရှောင်ကြဉ်ရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာအသိပညာပေးစာ အုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန်/ဆက် )