မြောင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူ များအား ဒုတိယအကြိမ် ငွေကြေး ထောက်ပံ့

မြောင်   စက်တင်ဘာ   ၁၅

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား (CERP) အစီစဉ်ဖြင့် ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက ထီးလှိုင်ရှင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းဝင်းက (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ဒုတိယအကြိမ် ထောက်ပံ့ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

(CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများကို ဒုတိယအကြိမ် ထုတ်ပေးရာတွင် ကျေးရွာ(၈)ရွာရှိ တောင်သူ (၁၁၁) ဦးအား တစ်ဧကလျှင် (၆၅၀၀၀ိ) ဖြင့် ဧက(၁၈၀)အတွက် စုစုပေါင်း ငွေကျပ် (၁၁၇) သိန်းအား တာဝန်ရှိသူများက ပေးအပ် ခဲ့ကြောင်းသိရသည်။

တင်ကိုကို(မြောင်)