ကျုံပျော်ခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ခရိုင်ရုံး ဆိုင်းဘုတ်တင် ပွဲနှင့် ခရိုင်ရုံးဖွင့်ပွဲ ကျင်းပပြုလုပ်

ကျုံပျော် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ခရိုင်ရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ခရိုင်ရုံးဖွင့်ပွဲ အခမ်းအနားကို အဆိုပါရုံးတည်ရှိရာ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်နိုင်ဦးနှင့် ပုသိမ်ခရိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးနေဝင်းတို့က ခရိုင်ရုံးကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး၊ ခရိုင်ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။

ထို့နောက် ခရိုင်ရုံးသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ဖွင့်ပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျုံပျော်၊ ရေကြည်နှင့် ကျောင်းကုန်းမြို့နယ်တို့မှ၊ လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူးများ၊ ဝန်ထမ်းများအသီးသီး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)