ဒေးဒရဲမြို့နယ်တွင် လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် စတင်ရောင်းချ

ဒေးဒရဲ  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဘက်ရည် ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင်ငယ်များအားလုံး ပါဆယ်စနစ်ဖြင့် ယနေ့ နံနက် နာရီက စတင်ရောင်းချ လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက် နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒေးဒရဲမြို့နယ် စည်ပင်သာယာ နယ်နမိတ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင်ငယ်များအား ယနေ့ စက်တင်ဘာလ  ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ နံနက် နာရီမှ နာရီအတွင်း (Take-Away) ပါဆယ်စနစ်ဖြင့်သာ  ရောင်းချစေရေး အသိပေး ညွှန်ကြားစာများ ပေးပို့ပြီးဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးဆောင်ရွက် သွာမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်မှု မရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝဏ္ဏထွန်း၏ ပြောကြားချက်အရ သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)