ငရုတ်ကောင်းမြို့တွင် ကျောင်းသား/ ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ငရုတ်ကောင်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အထက)တွင် အသက် ၅ နှစ်မှ ၉ နှစ်အတွင်းကျောင်းသား/ကျောင်းသူများအား ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါသည် ခြင်ကိုက်ခံရာမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော ရောဂါဖြစ်ပြီး ရောဂါလက္ခဏာများမှာ ချမ်းတုန်ခြင်း၊ ကိုယ်ပူကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊ ပျို့အန်ခြင်းများ ခံစားရပြီး ပိုမိုဆိုးရွားလာပါက ဦးနှောက်ရောင်ရမ်းသည့် အဆင့်ထိ ဖြစ်လာနိုင်ခြင်းတို့ကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကင်းဝေးစေရန်နှင့် ကျောင်းသား/ ကျောင်းသူများ ကျန်းမာပျှော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန် ရည်ရွယ်၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)