သာယာဝတီမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ပြသထားရှိ

သာယာဝတီ စက်တင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်း စည်းများ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောသန့်စင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် စသည့်အချက်များအပါအဝင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအား ပြသထား ရှိပြီး သတိပေးနှိုးဆော်ချက်များ ပါဝင်သည့် မြေစိုက်နံရံကပ်ပြဘုတ်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက်ထားကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)