ဟုမ္မလင်း စက်တင်ဘာ ၁၄
ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အစီစဥ်ဖြင့် ဟုမ္မလင်းမြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ညောင်ပင်သာကျေးရွာနေပြည်သူများအား အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနူန်းသက်သာစွာဖြင့် ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများအတွက် ဆန်(၁)ပြည်၊ ဆီ(၁)ဆယ်ကျပ်သား၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ အာလူး(၂၅)ကျပ်သားတို့ပါ အထုပ်(၃၀၀)တို့အား တစ်ဦးလျှင် တစ်ထုပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)