ရွှေသောင်ယံမြို့တွင် အ-ထ-က ရွှေသောင်ယံတွင် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများထိုးနှံ

ရွှေသောင်ယံ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က ရွှေသောင်ယံတွင် ယနေ့ နံနက်(၉)နာရီက (၅)နှစ်မှ(၉)နှစ်အထိ မူလတန်းကျောင်းသား၊ ကျောင်းသူလေးများအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများ ထိုးနှံရာတွင် ရွှေသောင်ယံမြို့၊ သပေါ့ကန်ကျေးလက် ကျန်းမာရေးဌာနရှိ ဆရာ၊ ဆရာများ၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေး ဌာနခွဲရှိ ဆရာ၊ ဆရာမများ လာရောက်ထိုးနှံပေးရာ၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှူး၊ ဌာနဆိုင်ရာများ၊ အ-ထ-က ရွှေသောင်ယံရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)