ပေါက်ခေါင်း စက်တင်ဘာ ၁၄
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ယမန်နေ့ညထုတ်ပြန်ချက်အရ (၂.၆၇)ရာခိုင်နှုန်းရှိသည့်အတွက် ပိုးတွေ့မှုနှုန်းများပြားလာသည်ဖြစ်ရာ ဒေသခံပြည်သူများနှင့်ခရီးသွားများ နေအိမ်ပြင်ပသို့ထွက်ခွါသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သွားလာသည့် အလေ့အကျင့်ကောင်းများကို ဆက်လက်လိုက်နာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက ပေါက်ခေါင်းမြို့အမှတ်(၅)ရပ်ကွက် ပြည်-တောင်ငူလမ်းတွင် ကိုဗစ်-၁၉ ရောဂါအိုမီခရွန်မျိုးကွဲ BA.4, BA.5 ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းများကို ဌာနများစုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းဖြန့်ဝေပေးခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ခရီးသွားလာပြည်သူများအား ယခုဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲ BA.4, BA.5 တွေ့ရှိမှုနှင့်ပက်သက်၍ အသိပေးပြောကြားခြင်း၊ အပြင်သို့သွားလာရာနှင့် လူထူထပ်သောနေရာများသို့ သွားလာရပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြပါရန် ပြောကြားပြီး Mask Campaign အဖြစ် ခရီးသွားလာပြည်သူများအား ပါးစပ်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)