ရှမ်းရွာသစ် စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကိုဘဏ္ဍာနှစ် အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ များဖြင့်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ (၉၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထိုသို့မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ်များဖြင့် အရှည် (၂၀၀) ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၆)ပေရှိသော ကွန်ကရစ် လမ်းခင်း ခြင်းလုပ်ငန်း(၇)ခု၊ အရှည်(၂၀)ပေ၊ အကျယ်(၃)ပေ၊ အမြင့်(၃)ပေရှိ Box-Culvert လုပ်ငန်း (၂)ခု၊ အရှည် (၄၂၀)ပေ၊ အကျယ်(၂)ပေ၊ အမြင့်(၂)ရှိ အုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်း(၅)ခု၊ အရှည် (၂)ပေ(၈)လက်မ၊ အရှည်(၁)ပေ(၆)လက်မ၊အမြင့်(၄)လက်မရှိ ရေမြောင်းအဖုံးခင်းခြင်းလုပ်ငန်း (၅)ခုနှင့် မြို့အဝင်ပန်းခြံခြံ စည်းရိုးကာရန်ခြင်းလုပ်ငန်း(၁)ခုတို့ကို သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ (၉၀) ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက မြို့သန့်ရှင်းသာယာလှပခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးများလည်း ယခင်ကထက်ပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ စည်ပင်သယာရေးအဖွဲ့အနေဖြင့် လာမည့်ဘဏ္ဍာနှစ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်းပြုလုပ်ခြင်းနှင့် မြောင်းအဖုံးပြုလုပ်ခြင်းလုပ်ငန်းများ၊ အများ ပြည်သူ သွားလာရေးအဆင်ပြေစေရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုလည်း သက်ဆိုင်ရာရပ်ကွက်များအလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ကြောင်း မြို့စည်ပင်သာ ယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး (ပြန်/ဆက်)