မြို့သစ် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကွက်သစ်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်လျှက်ရှိရာယခုအခါတွင် အဆောက် အအုံဆောက်လုပ်မှုမှာ (၈၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ RCC နှစ်ထပ်ကျောင်းဆောင်သစ်မှာ အလျား ၁၄၀ ပေ ၊ အနံ ၃၀ ပေရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၂၀၁.၆၀၀) သန်းဖြင့် မကွေးမြို့ ၊ နိုင်ဇာနည် ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်သည်။ အဆောက်အအုံ ဆောက်လုပ်ရာတွင် အရည်အသွေး ပြည့်မီစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးမင်းနိုင်ကြွယ်နှင့်မြို့နယ် အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များက သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ကုမ္ပဏီမှ တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် ( ပြန် / ဆက် )