ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကျင်းပ

ပေါက်ခေါင်း    စက်တင်ဘာ     ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသည့် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော အဖွဲ့များဖွဲ့စည်း၍ ကျေးရွာများအရောက်ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲကို ယမန်‌‌နေ့က ရွာထောင်ကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါကျေးရွာနေပြည်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့များသည် ရပ်ရွာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုမြင့်မားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာဌာနများမှ EM Bokashi သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သစ်ပင်ကိုင်းကူးကိုင်းဆက်နည်း၊ ကြက်များရောဂါကာကွယ်ရေးအတွက် ကြက်မျက်စဉ်းခပ်နည်း၊ နေဗီယာမြက်စိုက်ပျိုးနည်းနှင့် ဆပ်ပြာဆီချက်လုပ်အသုံးပြုနည်းတို့ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)