ဇီးကုန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဇီးကုန်း စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇီးကုန်းမြို့နယ်နေ အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆီ၊ ကြက်ဥ၊ ကြက်သွန်နှင့် အခြားဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများအား ယနေ့နံနက်ပိုင်းမှစ၍ ဇီးကုန်းမြို့နယ်၊ စည်ပင်သာယာဈေးရှေ့၌ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆီ၊ ကြက်ဥ၊ ကြက်သွန်နှင့် ဒေသထွက်အခြားဟင်းသီးဟင်းရွက်သီးနှံများအား ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် မည်သူမဆို ရောင်းချပေးခဲ့သည်။

ယနေ့တွင် ဆီ (၇၅) ပိဿာ၊ ကြက်ဥအလုံး(၃၀၀)၊ ကြက်သွန်(၅၀)ပိဿာနှင့်   ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခဲ့ပြီး နောက်ရက်များတွင်လည်း ယခုကဲ့သို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)