ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ(အခမဲ့)ဖြန့်ဝေ

ချောင်းသာ စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုး ရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ နံနက် ၈ နာရီ အချိန်က မြို့ပေါ်ရှိ လူစည်ကားရာ လမ်းဆုံ/လမ်းခွများတွင် သွားလာနေကြသော ဒေသခံပြည်သူများအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ (အခမဲ့) ဖြန့်ဝေခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးနှင့် ဘုရားကြီးလမ်းတို့တွင် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင် ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီ ဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာ ကြရန်၊ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြပြီး ခေါင်းစည်း Mask တပ်ဆင်လာခြင်းမရှိသူ များကို (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)