ငါးသိုင်းချောင်း စက်တင်ဘာ ၁၄
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ စျေးများနှင့် လူစည်ကားရာနေရာများ၌ စျေးရောင်း စျေးဝယ်များ၊ ပြည်သူ များနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေးခြင်းနှင့် အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်း ၌ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့် ဦးဆောင်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုဗစ်-၁၉ မျိုးကွဲသစ်ရောဂါများ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် မိမိကိုယ်ကိုကြိုတင်ကာကွယ်သည့် အနေဖြင့် အပြင်သို့သွားလာသည့်အခါတိုင်း Mask နှာခေါင်းစည်း တပ်ဆင်ရန် လိုအပ်ကြောင်း၊ ကုသခြင်းထက် ကာကွယ်ခြင်းကပို၍ ထိရောက်အကျိုးရှိနိုင်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား ရောဂါကူးစက်ခံရပါက ပညာသင်ကြားမှုတွင် နှောင့်နှေးစေမှာဖြစ်သဖြင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ကြရန် အသိပညာပေး ခြင်းနှင့် နှာခေါင်းစည်း mask (၂၇၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)