ကလိန်အောင်မြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာ‌စောင်နှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းဆောင်ရွက်

ကလိန်အောင် စက်တင်ဘာလ ၁၄

တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များခင်းကျင်းပြသခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က လူကုန်ကူးမှုဖြစ်ပေါ်လာသည့်အကြောင်း အရာများနှင့် လူသားအခြင်းခြင်း ရောင်းကုန်အဖြစ် ပြုမှုကာ လူမှောင်ခိုကူးသည့် ပြသနာများ ယနေ့ကမ္ဘာနှင့်အဝှမ်း ကြီးမားသည့်ပြဿနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့်  မျိုးဆက်သက်လူငယ်လူရွယ်များ၊ ကျောင်းသား/သူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဖြစ်စဉ်များအကြောင်း သိကောင်းစရာများ၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူး သူများအန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသား၊ ကျောင်းသူအရွယ်များ လိုက်နာဆောင်ရွက် ရမည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများအားလည်းကောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ သိကောင်းစရာများအား အသီးသီး အသိပညာပေး ဟောပြောပြီး လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ သိမှတ်စရာဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်နှင့် စာအုပ်စာ‌စောင်များ ခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုပြီး စာအုပ်စာပေများလည်း ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခင်ခင်လဲ့