ကလေးဝ စက်တင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချခြင်းကို ယမန်နေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ မြို့မစျေးကြီးရှေ့၌ ရောင်း ချပေးခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိ အကြီးအကဲများက မနောသုခ ဆန် ၁ ပြည်၊ ဆီ ၁၀ ကျပ်သား၊ အားလူ ၂၅ ကျပ်သား၊ ကြက်သွန် နီ ၂၅ ကျပ်သား တို့အားစုပေါင်းပြီး ပုံမှန်စျေး နှုန်းထက်လျော့ နည်း၍ ၄၀၀၀ ကျပ်နှုန်းဖြင့် ဒေ သခံပြည်သူများအား သက်သာစွာ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့သည်။
ယင်းတို့ရောင်းချပေးရာတွင် ဆန်၊ ဆီ၊ အာလူး၊ ကြက်သွန်နီတို့အားစုပေါင်း၍ တစ်ထုပ်လျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းအထုပ်ရေ ၃၀၀ ထုပ်အား ရောင်းချပေးခဲ့ပြီး အပါတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့များတွင်လည်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဟန်(ပြန်/ ဆက်)