မင်းလှမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗသုသုတများတိုးပွား‌လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

မင်းလှ     စက်တင်ဘာ   ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာ‌ရေးဌာနနှင့် စာသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအသိပညာဗသုသုတများတိုးပွား‌လာစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ကပြုလုပ်ခဲ့သည်။

ရှေးဦးစွာနံနက်ပိုင်းတွင် အ.မ.ကထောက်ကြံကွင်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်ပညာရေးမှူးက ကလေးငယ်များကို အတန်းပညာသာမက ဗဟုသုတရရှိရန် စာအုပ်ကောင်းများကို လေ့လာဖတ်ရှုစေလိုကြောင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးစိန်ဝင်းက စားသုံးရန်မသင့်သည့်အစားအစာများကို အသိပညာပေးပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စေခြင်းရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများကို ပြောကြားပြီး ဒုတိယဦးစီးမှူးဒေါ်ဇင်မာဝင်းက ကျောင်းသား၊ ကျောင်းသူလေးများကို ကိုယ်လက်လေ့ကျင့်ခန်းများပြုလုပ်စေခြင်းနှင့် စက္ကူပြဇာတ်ဖြင့်ပုံပြောခြင်း၊ ပုံပြင်ပြောခြင်းများဖြင့် အသိပညာပေးပြောကြားသည်။

အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများအား သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ စာစောင်များကို ဖတ်ရှုစေခြင်းအပြင် လူကုန်ကူးမှုနှင့် သဘာဝဘေး အန္တရာယ်သိကောင်းစရာ၊ စာဖတ်ရှိန်မြှင့်တင်ရေးစသည့် နံရံကပ်စာစောင်များပြသခြင်းတို့ဆောင်ရွက်ခဲ့သည်။

အလားတူနေ့လယ်ပိုင်းတွင် အ.မ.က ဂွေးတောက်ကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)