ဘားအံမြို့၌   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ဘားအံ စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) တတိယအကြိမ်နှင့် စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉) နာရီခန့်က စတင်၍ စုရပ် (၃) နေရာတွင် နံနက် (၉) နာရီမှ ညနေ(၄)နာရီထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် စုရပ် (၃) နေရာဖြစ်သည့် အ-ထ-က(၃)ကျောင်း အားကစားရုံ၊ အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၉) ရပ်ကွက်တို့တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ်၊ အသက်(၁၅)နှစ်နှင့် (၁၈) နှစ်ကြား ပြည်သူများအား ပထမ အကြိမ်နှင့် ဒုတိယအကြိမ်၊ အသက် (၅) နှစ်မှ (၁၅) နှစ်ကြား ကျောင်းပြင်ပနေထိုင်သူများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီး (၆) လပြည့်ပြီးသူ အသက်(၁၈)နှစ်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ပထမ အကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူစုစုပေါင်း (၇၀၀) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ‌ရောဂါကာကွယ် ထိန်းချုပ်‌ရေးကော်မတီထံမှ သိရှိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကော်မတီဝင်များ၊ volunteer များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါအခံရှိ/မရှိ မေးမြန်းခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် (၃၀) ခန့် အနားယူစေခြင်းများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)