ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်း အဝေးပြုလုပ်

ကျိုက်လတ် စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကား ပြောကြားရာတွင်  ဧရာဝတီတိုင်းဒေသကြီး အတွင်း ရောဂါပိုးတွေ့ရှိမှုများရှိနေပြီဖြစ်သဖြင့် မိမိတို့မြို့နယ်အတွင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ Quarantine Centre များကိုလည်း ပြန်လည်ပြင်ဆင်၍ အရန်ထားရှိ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အကြံဉာဏ်များပေး၍ ဆွေးနွေးပေးစေလိုကြောင်းများ ထည့်သွင်း ပြောကြားသွားသည်။ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမင်းသိန်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်ပိုးတွေ့လူနာများအတွက် အဆင်သင့်ပြင် ဆင်ထားကြောင်း၊ ပိုးတွေ့လူနာများပြားလာပါက ထားရှိရန်နေရာများအဖြစ်ရွှေဧရာအောင် အားကစားခန်းမကိုလည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်းနှင့် အောက်ဆီဂျင်စက်ရုံ အတွက် ကိုယ်ပိုင်မီးစက်တပ်ဆင်နိုင်မည်ဆိုပါက ပို၍အဆင်ပြေနိုင်မည်ဖြစ်ကြောင်း တို့ကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသူများက လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒေါ်ရီရီမြင့်