ကြံခင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ စသည့် အခြေခံစားသောက်ကုန် များကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးပြီး ဆန်တစ်ပြည်လျှင် (၁၅၀၀)ကျပ်ဖြင့် ဆန်(၂၅)အိတ်ကို လည်းကောင်း၊ ဆီ(၅၀)ကျပ်သားလျှင် (၂၅၀၀)နှုန်း၊ ကြက်ဥတစ်လုံးလျှင်(၁၇၀)နှုန်းဖြင့် ကြက်ဥအလုံး(၁၈၀၀) ကိုလည်း ကောင်း၊ ဆားနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သက်သာသော ဈေးနှုန်းဖြင့် အိမ်ထောင်စုပေါင်း (၃၀၀)အား ရောင်းချပေးခဲ့သည်။
အခြေခံ စားသောက်ကုန်များ ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဈေးရောင်း/ဈေးဝယ် ပြည်သူများအား သွားရောက် ကြည့်ရှုအားပေး ကူညီကြပြီး ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်များရှိ အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း ဆက်လက် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)