သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

သရက်ချောင်း စက်တင်ဘာလ ၁၃

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲကို ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက လူသားအချင်းချင်း ရောင်းကုန်အဖြစ်ပြုမူကာ လူမှောင်ခိုကူးသည့် ပြဿနာများ ယနေ့ကမ္ဘာနှင့် အဝှမ်းကြီးမားသည့် ပြသနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များ၊ ကျောင်းသား/သူကလေးငယ်များ လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဖြစ်စဉ်များအကြောင်း သိကောင်းစရာများ၊ လူကုန်ကူးသူများအန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသား၊ ကျောင်းသူအရွယ်များ လိုက်နာဆောင်ရွက်ရမည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကိုဆွေးနွေးခဲ့ ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အထွေထွေဗဟုသုတများ တိုးပွားလာစေရန် သုတ၊ ရသ၊ စာအုပ်၊ စာနယ်ဇင်းများကို အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။

သားကြီး(သရက်ချောင်း)