သရက်ချောင်း စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ယှဉ်ပြိုင်မည့်သူများအား အောင်နိုင်ရေးဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်း မြို့၊ မြို့မရပ်ကွက်ရှိ စည်ပင်သာယာကျောက်တိုင်ဝင်းအတွင်း မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သရက်ချောင်းမြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာ မများ၊ ကျောင်းသား/ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများ တက် ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် တိုင်းဒေသကြီးအဆင့်တွင် ရွေးချယ်ခံရသည့် ကျောင်းသားများမှဧည့်ခံဖျော်ဖြေခြင်း၊ ဝါသနာရှင်၊ အနုပညာရှင်များမှ ဧည့်ခံဖျော်ဖြေသီဆိုခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များက ပြည်ထောင်စုအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် တိုင်းဒေသကြီးအဆင့်တွင် ရွေးချယ်ခံရသည့် ကျောင်းသားများနှင့်ဝါသနာရှင်၊ အနုပညာရှင်များအား ဂုဏ်ပြု ဆုငွေများချီးမြှင့်ပေးခြင်းနှင့် မြို့နယ်ဂုဏ်ဆောင်နိုင်ခဲ့သည့် သရက်ချောင်းမြို့နယ်၊ အခြေခံပညာဦးစီးဌာနအား ဂုဏ်ပြုမှတ်တမ်း အလံချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သားကြီး(သရက်ချောင်း)