ကမမောင်း စက်တင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်(၈)နာရီအချိန်က ကမမောင်းမြို့မစျေးတွင် Mask Campaign ပြုလုပ် ခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏လမ်းညွှန်မှု၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မ တီ၏ စီစဉ်မှုဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပူးပေါင်းအဖွဲ့များက ဒေသခံခရီးသွားများ၊ စျေးရောင်း/ ဈေးဝယ်ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ သွား လာနေထိုင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ် ပြည့် ထိုးနှံရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး နှာခေါင်းစည်း Mask များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)