သာယာဝတီ စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက်ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကျရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန် စသည့်အချက်များ အပါအဝင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအား ပြသထားရှိပြီး သတိပေးနှိုးဆော်ချက်များ ပါဝင်သည့် မြေစိုက် နံရံကပ်ပြဘုတ်ကို ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြသဆောင်ရွက် ထားကြောင်း သိရသည်။
သန့်ဇော်(သာယာဝတီ)