ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆေးနွေးပွဲဆောင်ရွက်

ကရသူရိ စက်တင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီကပြုလုပ်ခဲ့ ကြောင်းသိရသည်။

ဆွေးနွေးရာတွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက လူကုန်ကူးခြင်းသည်လူ ပုဂ္ဂိုလ်တစ်ဦးဦးက အခြားသူတစ်ဦး/တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်း၊ လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်းစသည့်တို့ပါဝင်ကြောင်း ထို့အပြင်သွေးဆောင် ခေါ်ယူခြင်း၊ ခြိမ်းခြောက်၍ အင်အားသုံးခြင်း(သို့မဟုတ်) အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း တို့ဖြစ်ကြောင်း၊ အထူးသဖြင့်အမျိုးသမီးများ၊ ကလေး သူငယ်နှင့် လူငယ်များအား  လူကုန်ကူးခြင်းမခံရအောင် ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးတို့ကို လည်းကောင်း၊ လူကုန်ကူးမှု အန္တ ရာယ်တားဆီးကာကွယ်ရေး အများပြည်သူသို့အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေတို့ကိုဆွေးနွေးသည်။  ထို့နောက် လူကုန်ကူးခံရသူများ၏  ဘဝလုံခြုံရေး၊ အခြေချနေထိုင်ရေးနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်ချက်များကို အငယ်တန်းစာရေး ဒေါ်ခြူးအိဖြူမှ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲသည် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊  လူကုန်ကူးခြင်းမခံရ အောင်ပြည်သူများအား အသိပညာပေးခြင်းနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)