တမူးမြို့တွင် ညမထွက်ရန် အမိန့်ထုတ်ပြန်

တမူး စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စက်တင်ဘာလ(၁၄)ရက်နေ့ ရက်စွဲဖြင့် ညမထွက်ရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးတို့အတွက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး အရေးပေါ်ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ၏ ခွင့်ပြုချက်အရမှ အပ ယနေ့မှစ၍ နေ့စဉ် ည(၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄) နာရီ အချိန်အထိ ညမထွက်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဤထုတ်ပြန်ချက် အမိန့်သည် အများပြည်သူတို့၏ အကျိုးငှာရည်ရွယ်၍ ထုတ်ပြန်ခြင်း ဖြစ်သဖြင့် လိုက်နာကြရန်၊ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည် ဖြစ်ပြီး ထုတ်ပြန်သည့်နေ့မှစ၍(၂)လ အတည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)