ရှမ်းရွာသစ်၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် တစ်ပိုင်တစ်နိုင် ဝဥတူးဖော်ရောင်းချလုပ်ကိုင်ဆောင်ရွက်ခြင်းလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ၌ လက်လုပ်လက်စားသမားများအနေဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိရေးအတွက် အပိုဝင်ငွေများရရှိအောင် တောတောင်ထဲတွင် သဘာဝပေါက်နေသော ဝဥများတူးဖော်ရောင်းချကြောင်း၊ အခြားစီးပွားရေးလုပ်ငန်းများလို ငွေအရင်းအနှီးများစွာမလိုအပ်ဘဲ လုပ်ကိုင်၍ရခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ် နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း၊ တောင်ယာလုပ်ငန်းနှင့်တွဲဖက်ကာ လုပ်ကိုင်ရခြင်း ကြောင့် အပိုဝင်ငွေရရှိကြောင်း၊ နေအိမ်ခြံဝင်းတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ကြောင်း၊ နှစ်စဉ်တော်သလင်းလမှစတင်၍ ကျေးရွာအနီးရှိ တောတောင်များတွင် တူးဖော်ရောင်းချကြောင်း၊ တစ်ရက်တူးလျှင် ဆယ်ပိဿာထိ တူးဖော်ရရှိကြောင်း၊ ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှင့် ဝဥမျိုးစေ့ တစ်ပိဿာလျှင် (၁၈၀၀) ကျပ်ထိ ရရှိကြောင်း၊ ယခင်နှစ်နှင့် နှိုင်း ယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်သောကြောင့် ဝဥတူးဖော်ရောင်းချခြင်းလုပ်ငန်းသည် မိသားစုအတွက်လည်း စားဝတ်နေရေးအဆင်ပြေကာ အပိုဝင်ငွေရရှိကြောင်းကို ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)