ငရုတ်ကောင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက လမ်းဆုံ၊ လမ်းခွနေရာများနှင့် မြို့ဝင်စစ်ဆေးရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီး မြတ်သန်းထွန်း၊ ရဲတပ်ဖွဲ့မှ ရဲအုပ်ဦးထွန်းလင်းထက်နှင့် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးရဲထွန်းဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ မြို့ဝင် စစ်ဆေးရေး ဂိတ်နှင့် လမ်းဆုံ၊ လမ်းခွနေရာများ၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား သတ်မှတ်စည်းကမ်းများနှင့်အညီ မောင်းနှင်စေခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)