ခင်ဦးမြို့နယ်၌ ကန့်သတ်စောင့်ကြည့်ထားသောနေရာရှိ ရန်ကုန်ပြန်များထံမှ အာခေါင်၊ နှာခေါင်းတို့ပတ် (Swab) ဓာတ်ခွဲနမူနာများ ရယူကာ ဓာတ်ခွဲရန်ပေးပို့

ခင်ဦး စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရန်အတွက် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ရှိ သက်ဆိုင်ရာ ကျေးရွာများအလိုက် ကန့်သတ် စောင့်ကြည့် ထားရာ ယနေ့ နံနက်ပိုင်းက ၎င်းတို့တွင် ကိုဗစ်ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် အတွက် ယင်းတို့ထံမှ အာခေါင်၊နှာခေါင်း(swap) ဓာတ်ခွဲနမူနာများ ရယူကာ မန္တလေးမြို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းအောင်နှင့် အဖွဲ့က တာဝန်ယူ ပေးပို့ခဲ့ကြောင်း သိရသည်။

ထို့သို့ အာခေါင်၊နှာခေါင်းတို့ပတ် (swap)  ဓာတ်ခွဲနမူနာ များရယူရာတွင် ဓာတ်ခွဲကျွမ်းကျင်-၂နှင့် သက်ဆိုင်ရာ ကျေးလက်ကျန်းမာရေးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများက ရန်ကုန်ပြန်များဖြစ်သော မြို့နယ်ပြည်သူ့ဆေးရုံမှ (၁) ဦး၊ မိခင်ကလေး ကျန်းမာရေး ဌာနမှ (၈) ဦး၊ ပေါင်းလဲကုန်းကျေးလက် ကျန်းမာရေးဦးစီးဌာန မှ (၁၅) ဦး၊ မြင်းဒေါင်း ကျေးလက်ကျန်းမာရေးဌာနမှ (၁၀) ဦး၊ ရွာစဉ်ကျေးလက်ကျန်းမာရေးဌာနမှ (၁၉) ဦး၊ ငါးတင်းကြီး ကျေးလက် ကျန်းမာရေးဌာနမှ (၁၂) ဦး၊ ကဘွတ် ကျေးလက်ကျန်းမာရေးဌာနမှ (၁၅) ဦး၊ တမာကျေးလက်ကျန်းမာရေးဌာနမှ (၁၃) ဦး၊ မဒေါင်းလှ ကျေးလက်ကျန်းမာ ရေးဌာနမှ (၃) ဦး၊ ညောင်ပင်ကြီးစု ကျေးလက်ကျန်းမာရေးဌာနမှ (၆) ဦး၊ ညောင်ကန် ကျေးလက်ကျန်းမာရေးဌာနမှ (၁၁) ဦး စုစုပေါင်း (၁၁၃) ဦး တို့၏ (swap)  များကို ရယူကာ ပေးပို့ခဲ့ကြောင်း ကျန်းမာရေးမှူး အဆင့်(၁) ဦးသာပို ထံက သိရသည်။

စိုးဝေအောင်(ခင်ဦး)