ရှမ်းရွာသစ်၊ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါတို့မှ ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ ယမန်နေ့က မဲသမူးကျေးရွာအုပ်စု ထီးကြားရာကျေးရွာတွင် ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာ ရေးဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများက ဒေသနေပြည်သူများ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် နေထိုင်သွားလာကြရန်နှင့် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း (Mask) များတပ်ဆင်ပြီးမှ သွားလာကြရန်၊ လူစုလူဝေးများရှောင်ကြဉ်ကြရန်၊ လက်ကို မကြာ ခဏ စနစ်တကျဆေးကြောရန် စသည့်အချက်များကို Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် ဒေသနေပြည်သူများအား (Mask) များကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)