နတ်မောက် စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လုံခြုံရေးနယ်မြေ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး ဒေသဖွံ့ဖြိုးရေး ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ရွှေပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ကိုကိုက ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပြည်သူ့လုံခြုံရေး အကြောင်းအရာများကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးအောင်ကိုဌေးက ကျေးရွာရှိပြည်သူများကို ကိုဗစ်-၁၉ကာကွယ်ဆေးကို အကြိမ်ပြည့်မပျက်မကွက် ထိုးနှံမှုခံယူကြရန် စသည့်အကြောင်းအရာများ ရှင်းလင်းခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒု-ဦးစီးမှူးဒေါ်တင်တင်မူက သစ်ဆွေးမြေဩဇာအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး တင်ကိုကိုက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှဝင်း (ပြန်/ ဆက်)