ပန်းတောင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်​​ပြပွဲကျင်းပ

ပန်းတောင်း စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်၊ စာငှားကလေးသူငယ်များနှင့် စာစီစာကုံးပြိုင်ပွဲစာအုပ်ပြပွဲကို ယနေ့နံက်(၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းသို့ပြိုင်ပွဲများပြုလုပ်ရာတွင် စာငှား၊ စာဖတ် ကလေးသူငယ်များအား လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ စာစီစာကုံးခေါင်းစဉ်ဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်၍ အကောင်းဆုံးစာစီစာကုံး​ဖြေနိုင်သူအား ဆုလက်ဆောင်ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ယခုလိုပြိုင်ပွဲများပြုလုပ်ရခြင်းသည် ကလေးသူငယ်များ၏ ယှဉ်ပြိုင်ရဲရင့်လိုသောစိတ်၊ ကာယ၊ ဉာဏစွမ်းရည်များဖွံဖြိုးတိုးတက်စေရန်၊ အနာဂတ်လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ လက်‌တွေ့ဘဝတွင် ကြောက်ရွံ့မှုမရှိဘဲ ဖြတ်သန်းသွားလာနိုင်စေရန်နှင့် ကလေးသူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ရှင်းလင်းပြောကြားခဲ့ပြီး ခင်ကျင်းပြသထားသောသုတ၊ ရသစာအုပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ပြီး အ.မ.ကဝန်လိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးယှဉ်ပြိုင်ခဲ့၍ ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)