သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်

သံတောင်ကြီး စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် () နာရီအချိန်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထမ်းအမှတ် မူကြိုကလေးငယ်များ အားကာယဉာဏ ဖွံ့ဖြိုး တိုးတက်ရေးပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ် စွမ်း ရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်း အလေ့အထများရှိစေရန် ယခုကဲ့သို့ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ပြီး ကဗျာရွတ်ပြိုင်ပွဲ၊ ပူဖောင်းမှုတ်ပြိုင်ပွဲနှင့် ဘောလုံးပစ်ပြိုင်ပွဲကို ပြုလုပ်ဆောင်ရွက်ပေးရာ မူကြိုကလေးငယ်များ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအားမြို့နယ် ဦးစီးအရာရှိ နော်လော်မူနှင့်ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်နော်မူ