ပန်းတောင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြန်/ဆက်မြို့နယ်စာရေးဆရာအသင်းတို့မှပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍ အ.ထ.ကပန်တောင်း ကျောင်းအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းက စာပေဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးသိန်းဒန်မှ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာတိုးတက်စေသည့်အတွက် ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့်အလေ့အထရှိစေရန်နှင့် စာကြည့်တိုက်များသို့သွားရောက်၍ စာပေများလေ့လာစေရန်ဟောပြော၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းအေးက စာဖတ်ခြင်းဖြင့်ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာပြီး အတွေးအခေါ်အယူအဆများ တိုးတက်စေရန်နှင့် ဖြတ်ထိုးဉာဏ်ထက်မြက်သည့်အတွက် စာဖတ်ခြင်းဖြင့်ရရှိသောအကျိုးကျေးဇူးများစွာကို ရရှိစေရန် စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက်မြို့နယ်စာရေးဆရာအသင်းမှ အောင်မြင့်ကျော်(ပန်းတောင်း)က "ဖတ်ပါမှတ်ပါစကားလက်ဆောင်ပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်လှကျော်(ပန်တောင်း)မှ "အရိုးပေါ်အရွက်မဖုံးစေနှင့်"ခေါင်းစဉ်ဖြင့်လည်းကောင်း သုတ/ရသအကြောင်းအရာများကို ဟောပြောသွားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)