ကျောက်တံခါးမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောက်ရွက်

ကျောက်တံခါး  စက်တင်ဘာ  ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့နေ့လယ် က အခြေခံပညာမူလတန်း(လွန်) (အုန်းနှဲရိုး)ကျောင်းတွင်  လူကုန်းကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေးဟောပြာပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် --က(လွန်) (အုန်းနှဲရိုး) ကျောင်းတာဝန်ခံ ဆရာမ ဒေါ်အေးလဲ့လဲ့ခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်စန်းတင့် က လူကုန်ကူးသည့် နည်းလမ်းများဖြစ်သည့် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်ညာပြောဆိုခြင်း၊ အာဏာအသုံးပြုခြင်းနှင့် ဘဝရပ်တည်ရန် ခက်ခဲသည့် အခြေအနေများကို အလွဲသုံးစားပြုပြီး တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန် မြန်မာအမျိုးသမီးများအား ရောင်းစားခြင်း၊ တရုပ်နိုင်ငံသို့ ကလေးသူငယ်များအား မွေးစားရန်ရောင်းစားခြင်း၊ ထိုင်းငါးဖမ်းလှေများတွင် အဓမ္မစေခိုင်းခြင်း၊ ထိုင်းနိုင်ငံရှိ စက်ရုံများတွင် အဓ္ဓမစေခိုင်းခြင်းနှင့် ခေါင်းပုံဖြတ်ခြင်း၊ ပြည့်တန်စာပြုခြင်း၊ အိမ်ဖော်အဖြစ် အဓမ္မစေခိုင်းခြင်း၊ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်း စသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ကြသည်။

ဟောပြောပွဲသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)