အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အခြေခံစားသောက်ကုန်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး

မြို့သစ် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်တွင်းကြီးတပ်နယ်မှ အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်မီးသတ်ဦးစီးဌာရုံးရှေ့၊ စည်ပင်သာယာစျေးအနီး စာတိုက်လမ်းတွင် ပြုလုပ်ခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် အခြေခံစားသောက်ကုန်နှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဆန်တစ်ပြည် (၁၂၅၀)ကျပ်၊ ဆီ(၅၀)ကျပ်သား ၂၇၀၀ကျပ်၊ ကြက်ဥ (၅)လုံး၉၀၀ကျပ်၊ အမဲသား(၁)ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာ ၈၀၀၀ကျပ်နှင့်ဟင်းသီးဟင်းရွက်အမျိုးစုံကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်

သန်းဝင်ထွန်း (ပြန်/ ဆက်)