ကျောင်းကုန်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မြို့ ထိပ်စစ်ဆေးရေးဂိတ်၌ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ ကြသည်။
အဆိုပါ နှာခေါင်းစည်း ဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင် တို့ကြီးကြပ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များဖြန့်ဝေပေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုး တွေ့ရှိမှု မရှိသည်မှာကြာမြင့် လာပြီဖြစ်သော်လည်း ယခုအခါ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိမှုများ ဖြစ်ပေါ် လျက်ရှိရာ မပေါ့ဆကြပဲ လူစည်ကားရာနေရာ သို့သွားလျှင် နှာခေါင်းစည်း mask ကို တပ်ဆင်ကြစေရန် ယခုလို နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)