လပွတ္တာမြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လပွတ္တာ  စက်တင်ဘာ  ၁၅

လပွတ္တာမြို့နယ်တွင်(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို စုပေါင်းသန့်ရှင်းရေးကို ယနေ့ နံနက် ၇ နာရီခန့်က လပွတ္တာမြို့နယ် လပွတ္တလုပ်ကျေးရွာရှိ ရှင်စောမြတ်စေတီမြတ်ကြီးတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးကို၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အကြို အနေဖြင့် လပွတ္တာခရိုင် ရဲတပ်ဖွဲ့မှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ထွန်းလှိုင် ဦးစီး၍ အရာရှိ(၇)ဦး အခြားဆင့်(၁၈)ဦး စုစုပေါင်း(၂၅)ဦး စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

‌ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာ)