စစ်ကိုင်း စက်တင်ဘာ ၁၃
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဆင်းပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမြင့်လေးက မိတ်ဖက်ဌာနတစ်ခုအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် နည်းပညာပေး သင်တန်းများဖွင့်လှစ်နိုင်သည့်အတွက် အလွန်အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက မိမိတို့ ဌာနအနေဖြင့် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် အလုပ်အကိုင်ရရှိစေရန် လူသုံးကုန်ပစ္စည်းထုတ် လုပ်မှုအမျိုးမျိုးကို သင်တန်းများဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအမှတ်စဉ်(၃)သင်တန်းဖွင့်လှစ် ပြီးစီးခဲ့ကြောင်း၊ သင်တန်းပြီးဆုံးအောင် တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းပို့ချပေးလိုက်တဲ့ ပညာရပ်တွေကို မိမိတို့ရဲ့တစ်ပိုင်တစ်နိုင်မှသည် အောင်မြင်တဲ့ လုပ်ငန်း ရှင်ကြီးများဖြစ်အောင် ကြိုးစားသွားကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားကာ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ပြီး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများကို သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးအား ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို စက်တင်ဘာ(၈)ရက်နေ့က စတင်ဖွင့်လှစ်ပြီး (၅)ရက်ကြာ စာတွေ့/ လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/ သင်တန်းသူ(၂၀)ဦးတက်ရောက်ကြကာ သင်တန်းဆင်းပွဲသို့ ခရိုင်/ မြို့နယ် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ နည်းပြဆရာ/ ဆရာမများ၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)