ကော့သောင်း စက်တင်ဘာ ၁၃
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲအခမ်းအနားအား ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အထက(ခွဲ) ၊အလက(၂) ရွှေမင်းဝံကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက လူသားအချင်းချင်း ရောင်းကုန်အဖြစ်ပြုမှုကာ လူမှောင်ခိုကူးသည့် ပြဿနာများ ယနေ့ကမ္ဘာနှင့်အဝှမ်း ကြီးမားသည့်ပြသနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင် ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့် မျိုးဆက် သက်လူငယ်လူရွယ်များ၊ ကျောင်းသား/သူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ် များအကြောင်းသိကောင်းစရာများ၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးသူများအန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသားကျောင်းသူအရွယ်များ လိုက်နာဆောင်ရွက်ရမည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများ အားလည်းကောင်း၊ ကော့သောင်းမြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်အေးအေးငြိမ်းက လူကုန်ကူးမှုနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ သိကောင်းစရာများအား အသီးသီးအသိပညာပေးဟောပြောကြပြီး လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုဆိုင်ရာ သိမှတ်စရာဗဟု သုတဖြစ်ဖွယ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအားခင်းကျင်းပြသပေးရာ ကျောင်းသား၊ ကျောင်း သူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)